Founder’s Welcome

မိဘအုပ်ထိန်းသူများမှ ကျွန်တော်တို့ Nurture မူကြိုကျောင်း၏ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားရေးနှင့် ၀န်ဆောင်မှုဆိုင်ရာများကို အသေးစိတ်သိရှိလေ့လာနိုင်ရန် Preschool Parent Handbook ကို ထုတ်ဝေပေးခြင်း ဖြစ်ပါသည်။ မိဘအုပ်ထိန်း သူများအနေဖြင့် ဤစာအုပ်ပါအကြောင်းအရာအချက်အလက်များကို အသေးစိတ် ဖတ်ရှုလေ့လာထားရန်နှင့် လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်သည့် နေရာတွင် ထားရှိပေးပါရန် တိုက်တွန်းအပ်ပါသည်။ ဤစာအုပ်ပါ အကြောင်းအရာအချက်အလက်များနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက သင်တန်း တာဝန်ခံနှင့် တွေ့ဆုံသည့်အချိန်တွင်လည်းကောင်း၊ အတန်းပိုင်ဆရာ/မ (သို့) ရုံးပိုင်ဆိုင်ရာ တာဝန်ခံများကို မေးမြန်းနိုင်ပါသည်။

မိဘအုပ်ထိန်းသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပွင့်လင်းစွာပြောဆိုတိုင်ပင် ညှိုနှိုင်းမှုသည် မူကြိုပညာ ရေး၏ အဓိကကျသည့် အခန်ကဏ္ဍဖြစ်ကြောင်း သိလိုပါသည်။ လူ့ဘ၀တစ်သက်တာတွင် အသက် (၂)နှစ်မှ (၅)နှစ်အရွယ်ကလေးများသည် အင်မတန်မှ နူးညံ့သိမ်မွေ့အရေးကြီးသည့် ကာလဖြစ်သဖြင့် မိဘများနှင့် ဆရာ/မများ ၏ ပြုစုပျိုးထောင်ပြောဆိုဆုံးမမှုသည် ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်မှသာလျှင် ကလေးငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုသည် ဟန်ချက်ညီညီတိုးတက်လာမှာဖြစ်ပြီး ကျန်းမာ ပျော်ရွှင်သော၊ ထူးချွန်ထက်မြတ်သော၊ အကျင့်စာရိတ္တ ကောင်းမွန်သော၊ အပေါင်းအသင်းဆန့်သော၊ သဘော ထားမြင့်မြတ်ပြည့်ဝသော သားကောင်းရတနာများဖြစ်လာမည်။ သို့ဖြစ်ပါ၍ မိဘအုပ် ထိန်းသူများအနေဖြင့် ဤ စာအုပ်ပါအချက်အလက်များကို ဖတ်ရှုလေ့လာပြီး ဆရာ/မများနှင့်ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာ စေတနာရှေ့ ထား၍ လေးစားစွာ တိုက်တွန်းအပ်ပါသည်။

George Kreal @ Tun Naing Oo
Founder

Book Now